21.12.20

 

         2020 ASEAN-Korea Startup Week : Online Challenge အစီအစဉ်ကိုကိုရီးယားသမ္မတနိုင်ငံ၊ Ministry of SMEs & Startups၊ ASEAN Coordinating Committee on Micro, Small & Medium Enterprises (ACCMSME) ၏ပံ့ပိုးမှု ဖြင့် အာဆီယံ-ကိုရီးယားဗဟိုဌာန (ASEAN-Korea Centre - AKC)နှင့် Gyeonggi Center for Creative Economy & Innovation (GCCEI) တို့မှပူးတွဲကြီးမှူး၍ COVID-19 ဆိုင်ရာကန့်သတ်ချက်အခြေအနေများအရ (၂-၁၂-၂၀၂၀) မှ (၃-၁၂-၂၀၂၀) ရက်နေ့အထိ Online မှကျင်းပဆောင်ရွက်ခဲ့ရာမြန်မာနိုင်ငံမှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် Village Link Co., Ltd. မှ ပထမဆု (Diamond Award) (ဆုငွေအမေရိကန် ဒေါ်လာ ၁၀,၀၀၀) အားထိုက်တန်စွာဖြင့် ဆွတ်ခူးရရှိခဲ့သည်။

       အဆိုပါအစီအစဉ်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ICT အခြေပြုတက်သစ်စကုမ္ပဏီ (၃၅)ခုတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ မြန်မာနိုင်ငံကိုယ်စားပြု  ကုမ္ပဏီ(၂)ခုမှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ ယင်းကုမ္ပဏီ (၃၅)ခုအနက် ပဏာမအဆင့် Top(22) ကိုရွေးချယ်ရာတွင် မြန်မာနိုင်ငံမှ ဝင်ရောက် ယှဉ်ပြိုင်သောကုမ္ပဏီ(၂)ခုလုံးသည် နောက်ဆုံးအဆင့်သို့ ဆက်လက် ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့သည်။ ယခင်က Online/ Offline ပူးတွဲ၍ Hybrid Format ဖြင့်ကျင်းပရန် စီစဉ်ထားခဲ့သော်လည်း COVID-19 Social Distancing ဆိုင်ရာကန့်သတ်ချက် အခြေအနေများအရ Online သီးသန့်သာဆောင်ရွက်ခဲ့ပြီး၊ ဆိုးလ်မြို့ရှိအာဆီယံသံရုံးများနှင့် အခြားသောသက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်းပြိုင်ပွဲအား Online Live Streaming မှတစ်ဆင့် ကြည့်ရှုအားပေးခဲ့ကြသည်။

          ပါဝင်ယှဉ်ပြိုင်သူ Startups များအနေဖြင့် ၎င်းတို့၏ Business Model များကို Innovative Idea များဖြင့် တင်ပြယှဉ်ပြိုင်ခဲ့ကြပြီး၊ ယှဉ်ပြိုင်မှုများအရ နောက်ဆုံးအဆင့်ဆု  ချီးမြှင့်ရန် (၄)ဉီးကို ရွေးချယ်ရာတွင် မြန်မာနိုင်ငံ၊ Village Link Co., Ltd. (U Adrain Soe Myint, CEO) မှ မြန်မာ့ တောင်သူလယ်သမားအကျိုးပြု (Htwet Toe App) ဖြင့် ပထမဆု (Diamond Award) ဖြင့် အမြင့်ဆုံးဆုကိုရရှိခဲ့ခြင်းဖြစ်သည်။ ဒုတိယဆုကိုကိုရီးယားသမ္မတနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်သော Coconut Silo Co., Ltd. မှ လည်းကောင်း၊ တတိယဆုကိုအင်ဒိုနီးရှားနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင် သောDoclink Co., Ltd. ကုမ္ပဏီမှလည်းကောင်း၊ စတုတ္ထဆုကိုလာအိုနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်သော Shopping D Co., Ltd. မှလည်းကောင်းအသီးသီးရရှိခဲ့သည်။

              2020 ASEAN-Korea Startup Week: Online Challenge အစီအစဉ်တွင် ဆုရရှိသူများ၏ ဆုလက်မှတ်နှင့် ဆုကြေးငွေများကို ASEAN-Korea Centre (AKC)မှ ဆုရရှိသူများထံသို့ တိုက်ရိုက် ပေးပို့သွားမည်ဖြစ်ကြောင်းသိရှိရသည်။

              2020 ASEAN-Korea Startup Week: Online Challenge တွင် မြန်မာ့တောင်သူလယ်သမား အကျိုးပြုထွက်တိုး (Htwet Toe App)နှင့် ဆက်စပ် Digital စနစ်၊ ဝန်ဆောင်မှုများ အကြောင်းကို အကောင်းဆုံးတင်ပြယှဉ်ပြိုင်၍ အမြင့်ဆုံးပထမဆု (Diamond Award) ကိုရရှိကာ မြန်မာ့ဂုဏ်ဆောင် နိုင်ခဲ့သော Village Link Co., Ltd. အတွက်လွန်စွာဝမ်းမြောက်ဂုဏ်ယူပါကြောင်းဤဆောင်းပါးဖြင့် ချီးကျူးဂုဏ်ပြုအပ်ပါသည်။

 

Source: Ms. Win Pa Pa Thu, Commercial Counselor, Myanmar Embassy in Soul

 

                                                                                                              MITC News

Related Posts:

  • Geography Myanmar, a republic in South-East Asia, bounded on the north by Tibet Autonomous Region of China; on the east by China, Laos, and Thailand; on the south by the Andaman Sea and the Bay of Bengal; and on the west by the … Read More
  • People & Society The Republic of the Union of Myanmar has a population of over 51 million (2014 Census). The major racial groups are Bamar, Kachin, Kayah, Kayin, Chin, Mon, Rakhine and Shan. The people are called Myanmar. Over 80 percen… Read More
  • မူဆယ်မှ တရုတ်သို့ သစ်သီး၀လံတင်ပို့မှု မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံသို့ ၂၀၁၉ ရာသီတွင် သစ်သီး၀လံများ တင်ပို့လျက်ရှိရာ  ဖရဲတင်ပို့မှုမှာ မေ ၁၈ ရက်အထိ ဆက်တိုက်  နေ့စဉ်တင်ပို့ခဲ့သော်လည်း မေ ၁၈ ရက် နောက်ပိုင်းတွင်  အနည်း ငယ်သာ တင်ပို့… Read More
  • Travel Myanmar Mingalabar is a word of welcome as well as a wish for good fortune. This single word best signifies the inherent nature of the people of Myanmar: not only to offer hospitality but to wish others well. With traditions de… Read More
  • History Myanmar has a long history and its greatness dates back to the early 11th Century when King Anawrahta unified the country and founded the First Myanmar Empire in Bagan.  The First Myanmar Empire encompassed the ar… Read More

MB Application

https://mitcygn.blogspot.com/p/blog-page.html
https://mitcygn.blogspot.com/p/blog-page.html

TradeFair Register

Myanmar International Trade Center
https://mitcygn.blogspot.com/p/trade-fair.html

CA-EXPO Forms

Exhibitors Form>>>
https://drive.google.com/file/d/1wUPQSU4iTEYyv2k_sZ9Bt3OciJ7w6NbX/
......................။...................... Visitors Form>>>
https://drive.google.com/file/d/1TqKU9JxJ8_2xKIfk5QRfM-mjKJ-HgSDQ/

Visa Extension (Online)

https://mitcygn.blogspot.com/p/blog-page_16.html

Proposal Form for Participants

https://doc-0c-3g-docs.googleusercontent.com/docs/securesc/vvkf3i9sfpveaeqd4kkaldcsc6ijog5n/pmmn9ikjq0r7d7ijln7vva8ugi1v0iju/1576720800000/13060406534807868405/13060406534807868405/1coDrjirdIpgkvfoeBkxCputCiTesmGSf?e=download&authuser=0&nonce=f16g5tlard700&user=13060406534807868405&hash=50rsq8953b09503tbn933983gc7cusqo
www.mitcygn.blogspot.com/

Change Language

Notice Board

Recent Post

       တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၊ အပင်နှင့် တိရစ္ဆာန်ရောဂါ ထိန်းချုပ်ရေးဌာန (Department of Ani...

Advertisement

Advertisement
theme_color="0084ff">