မြန်မာနိုင်ငံမှ တရုတ်နိုင်ငံအတွင်းသို့ တင်သွင်းမည့် လယ်ယာထွက်ကုန်ပစ္စည်းများ အပါအဝင် အေးခဲအစား အစာများ ထုတ်လုပ်ရာတွင် COVID-19 ရောဂါကူးစက် ပျံ့နှံ့မှုအား ကာကွယ်ထိန်းချုပ်နိုင်မည့် နည်းလမ်းများနှင့် ပတ်သက်သည့် ကြေညာချက်တစ်ရပ်ကို တရုတ်နိုင်ငံ၊ နိုင်ငံတော်ကောင်စီက၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ ၁၆ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။
အဆိုပါထုတ်ပြန်ကြေညာချက်တွင် အစားအစာများထုတ်လုပ်သည့်လုပ်ငန်းများ၌ လုပ်ကိုင် လျက်ရှိ သည့်အလုပ်သမားများအား ကိုယ်အပူချိန်ပုံမှန်တိုင်းတာရန်၊ nucleic acid test ပုံမှန်စစ်ဆေးရန်၊ လုပ်ငန်းခွင်နေရာများအား ပုံမှန်ဆေးဖြန်းရန်၊ ပိုးသတ်ရန်နှင့်သန့်ရှင်းရေး ပြုလုပ်ရန်၊ စားသုံးသူများ၏ ယုံကြည်စိတ်ချရမှုမြင့်တက် လာစေရန်နှင့်ဈေးကွက်တည်ငြိမ်မှု ရှိစေရန်၊ ကုန်ပစ္စည်းများထုတ်လုပ်ရာတွင် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ရန်တို့ဖြစ်ပါသည်။
တရုတ်နိုင်ငံသို့တင်ပို့မည့် အေးခဲအစားအစာများ (သစ်သီးစသည့် လယ်ယာထွက် ကုန်ပစ္စည်းများ အပါအဝင်) ၎င်းကုန်စည်များအား ထုတ်ပိုးထားသည့် ထုတ်ပိုးခွံများအား တင်ပို့ခြင်းမပြုမီ COVID-19 ရောဂါပိုးရှိ/မရှိ စမ်းသပ်စစ်ဆေးခြင်းဖြင့် ရောဂါကာကွယ် ထိန်းချုပ်သည့် အကျိုးသက်ရောက်မှုရှိကြောင်း သက်သေပြနိုင်မည်ဖြစ်ပြီး တရုတ်နိုင်ငံမှလည်း မြန်မာထုတ်ကုန်စည်များအပေါ်ယုံကြည်စိတ်ချရမှု မြင့်တက် လာမည်ဖြစ်သောကြောင့် လိုက်နာဆောင်ရွက်ကြရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှု အာဏာပိုင် အဖွဲ့၊ သွင်းကုန်နှင့်ပို့ကုန်အစားအစာဘေးကင်းလုံခြုံရေးဗျူရို (Bureau of Import and Export Food Safety of the General Administration of Customs of China - GACC) က မြန်မာနိုင်ငံမှ ပို့ကုန်လုပ်ငန်းရှင်များအား တိုက်တွန်းထားကြောင်းသတင်းရရှိပါသည်။
ဥမ္မာကြူ
MITC