စင်ကာပူကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနက ၁၇-၄-၂၀၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သောစာရင်းအရ ၂၀၂၀ခုနှစ်၊ မတ်လတွင် စင်ကာပူ၏ ကုန်စည်ကုန်သွယ်မှု ပမာဏသည် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၀.၂ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ပို့ကုန်ပိုင်းတွင် ၀.၆ ရာခိုင်နှုန်း လျော့နည်းခဲ့ပြီး၊
သွင်းကုန် ပိုင်းမှာမူ ၀.၃ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။
၂၀၂၀
ခုနှစ်၊ မတ်လအတွင်း စက်သုံးဆီမဟုတ်သောပြည်တွင်းပို့ကုန်များ (Non-Oil Domestic
Export) ဖြစ်သည့် အီလက်ထရွန်နစ်ပစ္စည်းပို့ကုန်ပိုင်းတွင် ၅.၈ ရာခိုင်နှုန်းနှင့် အီလက်ထရွန်နစ်ပစ္စည်းမဟုတ်သော ပို့ကုန်ပိုင်းတွင် ၂၀.၅ ရာခိုင်နှုန်းအထိ အသီးသီး တိုးတက်ရရှိခဲ့ကြောင်း၊
အီလက်ထရွန်နစ်ပစ္စည်းပို့ကုန် တိုးတက်မှုမှာ အဓိကအားဖြင့် Disk Media ပစ္စည်းများ (၅၀.၆%)၊
ICs (၆.၇%) နှင့် ICs ဆက်စပ်ပစ္စည်းများ (၆၀.၁%) ကို ပိုမိုတင်ပို့နိုင်ခဲ့သောကြောင့်ဖြစ်ပြီး၊
အီလက်ထရွန်နစ်ပစ္စည်းမဟုတ်သောပို့ကုန်တိုးတက်မှုမှာ အထူးသဖြင့် ရွှေ (၂၄၂.၅%)၊ အထူးပြုလုပ်
ထားသောစက်ပစ္စည်းများ (၅၄.၂%)၊ ဆေးဝါးပစ္စည်း (၄၈.၆ %) များကို ပိုမိုတင်ပို့နိုင်ခဲ့ခြင်းဖြစ် ကြောင်း၊
စက်သုံးဆီမဟုတ်သောပို့ကုန်များကို မလေးရှား၊ အင်ဒိုနီးရှားနှင့် တရုတ်စျေးကွက် များမှလွှဲ၍
ကျန်ရှိသော စင်ကာပူ၏ အဓိကစျေးကွက်များသို့ တိုးတက်တင်ပို့ခဲ့ပြီး၊ အထူးသဖြင့် ထိုင်း
(၁၄၂.၂%)၊ အမေရိကန် (၂၂.၅%) နှင့် ဂျပန် (၄၇.၆%) စျေးကွက်များသို့ ပိုမိုတင်ပို့နိုင် ခဲ့ကြောင်း
ဖော်ပြထားပါသည်။
စက်သုံးဆီတင်ပို့မှုအပိုင်းတွင်
အဓိကအားဖြင့် ဟောင်ကောင် (- ၇၂%)၊ တရုတ် (- ၅၈.၆ %) နှင့် ပနားမား (- ၈၉.၇ %) စျေးကွက်များသို့
တင်ပို့မှု ထိုးဆင်းသွားခဲ့သည့်အတွက် မတ်လအတွင်း စင်ကာပူ၏ စက်သုံးဆီပို့ကုန်မှာ ၃၇
ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်းနှင့် စက်သုံးဆီမဟုတ်သော ကုန်ပစ္စည်းများကို ပြန်လည်တင်ပို့မှု
(Re-exports) မှာလည်း ၀.၉ ရာခိုင်နှုန်း လျှော့နည်းခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ် ။
။ Ministry of Trade & Industry, Department of Statistics, Singapore
တင်ပြသူ - ဦးမြတ်နိုး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး စင်္ကာပူ