တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် COVID-19 ကပ်ရောဂါဆိုးအား ကျော်လွှားနိုင်သည့် အဆင့်သို့ ရောက်ရှိပြီဖြစ်သည့်အလျောက် တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့အကြား လေကြောင်း၊ ရေကြောင်း ဆိုင်ရာ သယ်ယူပို့ဆောင်ရေးစနစ်များကို ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိစေရန် ကူညီပေး စေလိုပါကြောင်း၊ သို့မှသာမိမိတို့၏ တရုတ်နိုင်ငံရှိစက်ရုံ၊ အလုပ်ရုံများသည် လုပ်ငန်းများပြန်လည် လည်ပတ်ရေး ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ကိုရီးယားသမ္မတနိုင်ငံ၊ သမ္မတအိမ်ပြာတော် (Cheong WaDae)မှ သမ္မတ၏အကြီးတန်းအတွင်းရေးမှူး မူဝါဒရေးရာကိုင်တွယ်သူ Kim Sang-jo နှင့် နိုင်ငံ၏ ထိပ်တန်း စီးပွားရေးလုပ်ငန်းစုကြီး(၅)ခု၏ အကြီးတန်း အမှုဆောင်အရာရှိများနှင့် အလုပ်သဘော နံနက်စာ အစည်းအဝေးတွင် ကူညီဆောင်ရွက်ပေးရန် တင်ပြတောင်းဆိုခဲ့ကြပါသည်။
Samsung Electronics၏ ထုတ်ဖော်ပြောကြားချက်အရ တရုတ်နိုင်ငံ၊ Xi’anဒေသရှိ Semicon−ductor စက်ရုံတွင် လုပ်ငန်းတိုးချဲ့ရေးဆောင်ရွက်နိုင်ရန် Semiconductor အင်ဂျင်နီယာ (၂၀၀)ခန့်အား တရုတ်နိုင်ငံ သို့စေလွှတ်ခဲ့ရာ၊ တရုတ်နိုင်ငံအစိုးရအနေဖြင့် နိုင်ငံခြားသားအားလုံးနီးပါးကို ဝင်ရောက်ခွင့် ပိတ်ပင်ထား သော်လည်း ဒေသဆိုင်ရာအာဏာပိုင်များနှင့် ဆွေးနွေးညှိနှိုင်းနိုင်မှုအရ Samsung Electronics ၏ ဝန်ထမ်းများကို ဝင်ရောက်ခွင့်ပြုခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဝင်းပပသူ၊ စီးပွားရေးသံမှူး (မြန်မာသံရုံး၊ ဆိုးလ်မြို့)
Source: ဝင်းပပသူ၊ စီးပွားရေးသံမှူး (မြန်မာသံရုံး၊ ဆိုးလ်မြို့)
MITC News