30.4.20


       COVID-19ဖြစ်ပွားခြင်းနှင့်စပ်လျဉ်း၍ အစိုးရမှ ဆောင်ရွက်ပေးလျက်ရှိသည့် မူဝါဒရေးရာကိစ္စရပ် များအား စီးပွားရေးလုပ်ငန်းစုကြီးများမှ တာဝန်ရှိသူများသိရှိစေရေး မျှဝေရန်၊ စီးပွားရေးလုပ်ငန်းများ၏ အခက်အခဲများကို အစိုးရမှ သိရှိရန်ရည်ရွယ်၍ ကိုရီးယားနိုင်ငံ၊ သမ္မတအိမ်ပြာတော် (Cheong WaDae)မှ သမ္မတ၏အကြီးတန်းအတွင်းရေးမှူး မူဝါဒရေးရာကိုင်တွယ်သူ Kim Sang-jo သည် ၂၂-၄-၂၀၂၀ ရက်နေ့ (ဗုဒ္ဓဟူးနေ့)နံနက်ပိုင်းတွင် နိုင်ငံ၏ထိပ်တန်း စီးပွားရေးလုပ်ငန်းစုကြီး(၅)ခု၏ အကြီးတန်း အမှုဆောင်အရာရှိများနှင့် အလုပ်သဘောနံနက်စာအစည်းအဝေးအား ဆိုးလ်မြို့ရှိ Four Seasons ဟိုတယ်၌ ပြုလုပ် ခဲ့ကြပါသည်။ 
      
      အဆိုပါအစည်းအဝေးသို့ နိုင်ငံ၏ထိပ်တန်းစီးပွားရေး လုပ်ငန်းစုကြီး(၅)ခုဖြစ်သည့် Samsung Electronics ဥက္ကဌ Lee In-yong၊ Hyundai Motor ဥက္ကဌ Kong Young-woo၊ Sk Holdings အမှုဆောင်အရာရှိချုပ် Jang Dong-hyun၊ LG Group ၏ဒုတိယဥက္ကဌ Kwon Young-soo၊ Lotte Group ဒုတိယဥက္ကဌ Hwan Kag-gyuတို့ တက်ရောက်ခဲ့ကြပါသည်။ COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် ပြင်းထန်စွာထိခိုက်နေသော ကဏ္ဍများအတွက် အစိုးရနှင့်သမ္မတရုံးတို့မှ မည်ကဲ့သို့ကူညီသွားနိုင်မည်ကို ဆွေးနွေးခဲ့ကြရာ စီးပွားရေးလုပ်ငန်းများအတွက် ပိုမိုထိရောက်သောအစီအစဉ်များဖြင့် ကူညီပံ့ပိုးပေးရန် စီးပွားရေးလုပ်ငန်းရှင်များဘက်မှ အစိုးရအဖွဲ့သို့ တောင်းဆိုခဲ့ကြကြောင်းသိရှိရပါသည်။
         အစည်းအဝေးတက်ရောက်သူများက အစိုးရမှCorporate bondsများဝယ်ယူပေးခြင်း၊ Corporate Tax များလျှော့ချပေးခြင်းဖြင့် သွယ်ဝိုက်သောဖြေလျော့မှုများ ဆောင်ရွက်ပေးခြင်း၊ ငွေပေါ်လွယ်စေမည့် စီမံခန့်ခွဲမှုများအပါအဝင် အခြားသောဘဏ္ဍာရေးဆိုင်ရာ သက်သာခွင့်များကို တိုးပေးခြင်းစသဖြင့် ကဏ္ဍအားလုံးသို့ပြည့်စုံကောင်းမွန်သော အထောက်အပံ့များကို စီစဉ်ပေးရန် တောင်းဆိုဆွေးနွေးခဲ့ကြသည်။ အထူးသဖြင့် နိုင်ငံ့စီးပွားရေး၏ကျောရိုးသဖွယ် ဖြစ်သည့်အပြင် ရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်အကိုင် အခွင့်အလမ်းကဏ္ဍအတွက် အရေးပါသော လေကြောင်းပို့ဆောင်ရေး၊ မော်တော်ယာဉ်ထုတ်လုပ်ရေး၊ သံမဏိ (Steel)၊ ပြန်လည်သန့်စင်ခြင်းလုပ်ငန်းများ၊ ရေနံဓာတုနှင့် အခြားသောစက်မှုလုပ်ငန်းများအတွက် လုံလောက်သည့်ငွေပေါ်လွယ်မှု(Sufficient Liquidity) ဘဏ္ဍာရေးဆိုင်ရာအထောက်အပံ့များကို အစိုးရမှ ဆောင်ရွက်ပေးစေလိုကြောင်းတောင်းဆိုခဲ့ပါသည်။
      ဘဏ္ဍာရေးဆိုင်ရာ ဖြေလျှော့မှုများနှင့်ပတ်သက်၍ စီးပွားရေးကိစ္စဖြင့် နိုင်ငံရပ်ခြားသို့ ခရီးသွားလာမှု အပေါ်ကန့်သတ်ချက်များကို ဖြစ်နိုင်သမျှဖြေလျော့ပေးရန်၊ ကုမ္ပဏီများအနေဖြင့် တောင်ကိုရီးယား ကုန်သည်ကြီးများနှင့်စက်မှုအသင်းချုပ် (Korea Chamber of Commerce &Industry)နှင့် သက်ဆိုင်ရာ စက်မှုလုပ်ငန်းကဏ္ဍအလိုက် အသင်းအဖွဲ့များမှတစ်ဆင့် ၎င်းတို့၏ ဝန်ထမ်းများအား ပိုမိုထိရောက်စွာ ကွပ်ကဲနိုင်ရေးအတွက် အလုပ်သမားဆိုင်ရာစည်းမျဉ်း စည်းကမ်းများကို လျှော့ချပေးရန် အစိုးရထံသို့ တောင်းဆိုခဲ့ကြပါသည်။
    အစည်းအဝေးတွင် သမ္မတ၏အကြီးတန်းအတွင်းရေးမှူးမူ ဝါဒရေးရာကိုင်တွယ်သူ Kim Sang-jo က COVID-19 ဆိုင်ရာ စီးပွားရေးရာကုစားမှု အစီအမံများတွင် အစိုးရ၏လတ်တလော ထပ်မံခွင့်ပြုလိုက်သည့် အဓိကစက်မှုလုပ်ငန်းကဏ္ဍများကို ပံ့ပိုးရန်နှင့်အလုပ်လက်မဲ့မဖြစ်စေရေး မူဝါဒအပေါ်ပံ့ပိုးကူညီရန် ရန်ပုံငွေ ကိုရီးယားဝမ်(၄၀)ထရီလီယံ (အမေရိကန်ဒေါ်လာ၃၂.၄ဘီလီယံ) တန်ဖိုးရှိအစီအစဉ်အကြောင်းကို အလေးပေးဆွေးနွေးခဲ့ပြီး၊ COVID-19ကြောင့်တွေ့ကြုံရသည့် စီးပွားရေးအကျပ်အတည်းအား ရင်ဆိုင်ဖြေရှင်း ကျော်လွှားရာတွင် နိုင်ငံ၏ထိပ်တန်းစီးပွားရေး လုပ်ငန်းစုကြီးများ ၏အခန်းကဏ္ဍသည် လွန်စွာအရေးပါမှု အခြေအနေနှင့် အစိုးရမှခွင့်ပြုပေးသော အရင်းအမြစ်များကို အသုံးပြု၍ ဝန်ထမ်းများ၏ အလုပ်အကိုင်အခွင့်အလမ်းများကို ထိန်းသိမ်းပေးရန်ကိစ္စတို့အား အဓိကထား၍ဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။
     ယင်းအစည်းအဝေးကျင်းပပြီးသည့် နောက်နာရီအနည်းငယ်အကြာတွင် သမ္မတဦးစီးသည့် အရေးပေါ် စီးပွားရေးရာကောင်စီ (Emergency Economic Committee-EEC)အစည်းအဝေးကို ကျင်းပခဲ့ပြီး၊ သမ္မတမှ COVID-19 ဆိုင်ရာစီးပွားရေးရာကုစားမှု အစီအစဉ်များအတွက် ကိုရီးယားဝမ် (၄၀)ထရီလီယံ (အမေရိကန် ဒေါ်လာ ၃၂.၄ ဘီလီယံ) ထပ်မံခွင့်ပြုကြောင်းကို ကြေညာခဲ့ပါသည်။ အဆိုပါ ရန်ပုံငွေတွင်COVID-19ကြောင့် အလုပ်အကိုင်အခွင့်အလမ်းများ ထိခိုက်ရခြင်းကိုကာကွယ်ရန် အစီအစဉ်အတွက် ခွင့်ပြုရန်ပုံငွေ (၁၀)ထရီလီယံဝမ် ပါဝင်ကြောင်းသိရှိရပါသည်။

                                                       တင်ပြသူ : ဝင်းပပသူ၊ စီးပွားရေးသံမှူး (မြန်မာသံရုံး၊ ဆိုးလ်မြို့)

MB Application

https://mitcygn.blogspot.com/p/blog-page.html
https://mitcygn.blogspot.com/p/blog-page.html

TradeFair Register

Myanmar International Trade Center
https://mitcygn.blogspot.com/p/trade-fair.html

CA-EXPO Forms

Exhibitors Form>>>
https://drive.google.com/file/d/1wUPQSU4iTEYyv2k_sZ9Bt3OciJ7w6NbX/
......................။...................... Visitors Form>>>
https://drive.google.com/file/d/1TqKU9JxJ8_2xKIfk5QRfM-mjKJ-HgSDQ/

Visa Extension (Online)

https://mitcygn.blogspot.com/p/blog-page_16.html

Proposal Form for Participants

https://doc-0c-3g-docs.googleusercontent.com/docs/securesc/vvkf3i9sfpveaeqd4kkaldcsc6ijog5n/pmmn9ikjq0r7d7ijln7vva8ugi1v0iju/1576720800000/13060406534807868405/13060406534807868405/1coDrjirdIpgkvfoeBkxCputCiTesmGSf?e=download&authuser=0&nonce=f16g5tlard700&user=13060406534807868405&hash=50rsq8953b09503tbn933983gc7cusqo
www.mitcygn.blogspot.com/

Change Language

Notice Board

Recent Post

       တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၊ အပင်နှင့် တိရစ္ဆာန်ရောဂါ ထိန်းချုပ်ရေးဌာန (Department of Ani...

Advertisement

Advertisement
theme_color="0084ff">