27.5.20


            တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကန်တုန်ပြည်နယ်တွင် နှစ်စဉ်ကျင်းပပြုလုပ်လျှက်ရှိသည့် (၁၂၇) ကြိမ်မြောက် ကန်တုန်ကုန်စည် ပြပွဲ (127th Canton Fair)ကို ယခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ COVID-19 ကူးစက်ရောဂါကြောင့် ၂၀၂၀ပြည့်နှစ် ဇွန်လ ၁၅ ရက်နေ့မှ ၂၄ ရက်နေ့အထိ Online မှကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ အဆိုပါကုန်စည်ပြပွဲတွင် အဆင့်မြှင့်သတင်းအချက်အလက် နည်းပညာ အသုံးပြု၍ ကုန်ပစ္စည်းဈေးကွက်မြှင့်တင်ခြင်း ၊စီးပွားရေးလုပ်ငန်းဆိုင်ရာ ညှိနှိုင်းခြင်းများအတွက် Online ဝန်ဆောင်မှုများကို တရုတ်နှင့် အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် Online မှ အမှာစာများဖြင့် စီစဉ်နိုင်မည်ဖြစ်ပါသည်။

     ကုန်စည်ပြပွဲကို အမျိုးသားပြခန်းဆောင်နှင့် နိုင်ငံတကာပြခန်းဆောင်ဟူ၍ နှစ်ပိုင်းခွဲထားပြီး အမျိုးသားပြခန်းဆောင်တွင် အီလက်ထရောနစ်နှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ၊ မော်တော်ယာဉ်နှင့်အပိုပစ္စည်းများ၊  ကုန်မာပစ္စည်းများ၊ စက်ပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်း များ၊ ဓါတုထုတ်ကုန်များ၊ စွမ်းအင်အရင်းအမြစ်များ၊ စားသောက်ကုန်များ၊ လက်ဆောင် ပစ္စည်းများ၊ အဝတ်အထည်များ၊ ဖိနပ်များ၊ အိမ်တွင်းအလှဆင်ပစ္စည်းများ၊ ရုံးသုံးပစ္စည်းများ၊ အိတ်များ၊ ဆေးနှင့် ဆေးဘက်ဆိုင်ပစ္စည်းများနှင့်  ကျန်းမာရေး အထောက်အကူပြုပစ္စည်းများကို ပြသမည်ဖြစ်ပါသည်။ နိုင်ငံတကာပြခန်းဆောင်တွင် အီလက်ထရောနစ်နှင့် အိမ်သုံးလျှပ်စစ် ပစ္စည်းများ၊ စက်နှင့်အပိုပစ္စည်းများ၊ အစားအသောက်များ၊ အိမ်သုံးပစ္စည်းများ၊ပိတ်ထည်များနှင့် အိမ်သုံးအထည်ပစ္စည်းများကို ပြသသွားမည် ဖြစ်ပါသည်။
          သို့ဖြစ်ပါ၍ မြန်မာနိုင်ငံမှ စိတ်ပါဝင်စားသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပါဝင်ဝယ်ယူလိုပါက  
www.cantonfair.org.cn တွင် Buyer Registration အကောင့်ဖွင့်၍ ချိတ်ဆက်ဝယ်ယူနိုင်ပါကြောင်း သတင်းရရှိပါသည်။

                                                                                                                                                 MITC News

MB Application

https://mitcygn.blogspot.com/p/blog-page.html
https://mitcygn.blogspot.com/p/blog-page.html

TradeFair Register

Myanmar International Trade Center
https://mitcygn.blogspot.com/p/trade-fair.html

CA-EXPO Forms

Exhibitors Form>>>
https://drive.google.com/file/d/1wUPQSU4iTEYyv2k_sZ9Bt3OciJ7w6NbX/
......................။...................... Visitors Form>>>
https://drive.google.com/file/d/1TqKU9JxJ8_2xKIfk5QRfM-mjKJ-HgSDQ/

Visa Extension (Online)

https://mitcygn.blogspot.com/p/blog-page_16.html

Proposal Form for Participants

https://doc-0c-3g-docs.googleusercontent.com/docs/securesc/vvkf3i9sfpveaeqd4kkaldcsc6ijog5n/pmmn9ikjq0r7d7ijln7vva8ugi1v0iju/1576720800000/13060406534807868405/13060406534807868405/1coDrjirdIpgkvfoeBkxCputCiTesmGSf?e=download&authuser=0&nonce=f16g5tlard700&user=13060406534807868405&hash=50rsq8953b09503tbn933983gc7cusqo
www.mitcygn.blogspot.com/

Change Language

Notice Board

Recent Post

       တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၊ အပင်နှင့် တိရစ္ဆာန်ရောဂါ ထိန်းချုပ်ရေးဌာန (Department of Ani...

Advertisement

Advertisement
theme_color="0084ff">