ကိုရီးယာသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ရှိအာဆီယံ-ကိုရီးယားဗဟိုဌာန (ASEAN-Korea Centre AKC)နှင့် Seoul Business Agency (SBA) တို့မှ ကြီးမှူး၍ ASEAN-Korea Animation Business Matching Programအစီအစဉ်ကို ၂၀၂၀ ပြည်နှစ် ဇူလိုင်လ ၁၃ ရက် နေ့မှ ဩဂုတ်လ ၁၄ ရက်နေ့ အထိ Online မှတစ်ဆင့် ကျင်းပပြုလုပ်မည်ဖြစ် ပါသည်။ အဆိုပါ ASEAN-Korea Animation Business Matching Programကိုမူလကဆိုးလ်မြို့တွင် ကျင်းပပြုလုပ်ရန် လျာထားသော်လည် လက်ရှိ COVIID-19 ဆိုင်ရာအခြေအနေများကြောင့် Online မှတစ်ဆင့်သာ ကျင်းပဆောင်ရွက်ရခြင်း ဖြစ်ပါသည်။
ကိုရီးယားသမ္မတနိုင်ငံ၏ Animation Industry သည် လွန်ခဲ့သော (၁၀) စုနှစ်အတွင်းတရှိန်ထိုး တိုးတက်လာခဲ့ပြီး၊ ပြည်တွင်း Cartoon Series များလည်းလူသိများတိုးတက် လာခဲ့ပါသည်။ ယခုအစီအစဉ်တွင် အာဆီယံဒေသအတွင်းရှိ IP ရရှိထားသော Animation ကုမ္ပဏီများအားကိုရီးယားသမ္မတနိုင်ငံရှိ Animation ကုမ္ပဏီများနှင့် ထုတ်လုပ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ အခွင့်အလမ်း ရှာဖွေရရှိစေရေး Business Matchmaking ပြုလုပ်နိုင်ရန်ရည်ရွယ်၍ ကျင်းပခြင်းနှင့် One-on-One Business Meetings များကို ကျင်းပသွားရန် စီစဉ်လျာထားကြောင်းသိရှိရပါသည်။
ASEAN-Korea Animation Business Matching Programတွင် ပါဝင်လိုသည့်မြန်မာနိုင်ငံရှိ IP ရရှိထားသော Animation ကုမ္ပဏီများအနေဖြင့် ပါဝင်ရန် စိတ်ပါဝင်စားပါက မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန(MITC) ၊ ဖုန်း 01-385323၊ E-mail: mitc.expo@gmail.comသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း ဆောင်ရွက်နိုင်ပါကြောင်းသတင်းရရှိပါသည်။
MITC News