“EWEC International Trade, Tourism and Investment Fair-Da Nang 2020” ကို ဗီယက်နမ် နိုင်ငံ၊ ဒါနန်းမြို့ Da Nang Fair and Exhibition Centre တွင် ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၄ ရက်နေ့မှ ၉ ရက်နေ့အထိကျင်းပပြုလုပ် မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် သိရှိရ ပါသည်။ အဆိုပါပြပွဲကို အရှေ့-အနောက် စီးပွားရေးစင်္ကြန် (East-West Economic Corridor-EWEC) တစ်လျှောက်ရှိနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် နိုင်ငံတကာမိတ်ဖတ်များအကြား စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုခိုင်မာစေရန် နှင့် ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာပေါင်းစပ်ဖလှယ်မှုများတိုးတက်စေရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ပါသည်။
ယင်းပြပွဲတွင်
မြန်မာနိုင်ငံအတွက် ပုံမှန်အရွယ်အစားပြခန်း(Standard Booth) (၁) ခန်းမှ (၂) ခန်း အထိအခမဲ့ ပေးသွားမည်ဖြစ်ပြီးပါဝင်တက်ရောက်ပြသသူများအနေဖြင့် ၂၀-၆-၂၀၂၀
ရက်နေ့ မတိုင်မီ Da Nang Industry and Trade Promotion Centre,
email:danangtpic@gmail.com or kcxttm@danag.gov.vn, website:www.itpc. danang.gov.vnတို့သို့ ဆက်သွယ်၍ ကြိုတင်စာရင်း သွင်းနိုင်ပါကြောင်းသိရှိရပါသည်။
၎င်းပြပွဲသို့ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များပါဝင်တက်ရောက်နိုင်ရန်
ဖိတ်စာကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်သို့ (၂.၆.၂၀၂၀) ရက်နေ့တွင် ဖြန့်ဝေပေးထားပါသည်။
ပြပွဲဆိုင်ရာအချက်အလက်များသိရှိလိုပါကမြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေး ဌာနခွဲ၊ ရုံးအမှတ် (၃)၊ နေပြည်တော်၊ ဖုန်း-၀၆၇-၃၄၀၈၆၂၃၊ email:moctradefair@gmail.com နှင့်မြန်မာ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာန (ရန်ကုန်)၊ ဖုန်း-၀၁-၃၈၅၃၂၃၊ email:mitc.expo@gmail.com တို့သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်းအသိပေးပါသည်။