ဆားဗီးယားနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း
(Chamber of Commerce and Industry of Republic of Serbia) သည်
ဆားဗီးယားနိုင်ငံဆိုင်ရာမြန်မာသံရုံးမှတဆင့်
မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာနသို့ မြန်မာနိုင်ငံမှ
ငှက်ပျောသီးအားဆားဗီးယားနိုင်ငံသို့ တင်သွင်းလိုပါကြောင်း၊ ဖုန်း၊
အီးမေးလ်တို့ဖြင့် ဆက်သွယ် စုံစမ်းလာပါသည်။
ဆားဗီးယားနိုင်ငံ(Serbia)သည် မြန်မာနိုင်ငံမှ ငှက်ပျောသီးကို (အနည်းဆုံး ၃-၅)နှစ်နှစ်ရှည် ဝယ်ယူ တင်သွင်းလိုပါကြောင်း၊ တစ်လလျှင်ပေ(၄၀)ကွန်တိန်နာအလုံး ၁၂၀ ဝယ်ယူလိုပါကြောင်း၊ ဈေးနှုန်းနှင့် အရည်အသွေး စိတ်ချရမှုပေါ်မူတည်၍ တစ်နှစ်လျှင် ကွန်တိန်နာအလုံး(၅၀၀၀)အထိ ဝယ်ယူနိုင်မည် ဖြစ်ပါကြောင်း၊ ဥရောပသမဂ္ဂ၏ ငှက်ပျောသီးတင်သွင်းမှု ဥပဒေသည် အလွန်တင်းကျပ်သောကြောင့် အရည်အသွေးနှင့် ထုပ်ပိုးမှုအတွက် ညှိနှိုင်းအကြံပေးရန် အစီအစဉ်ရှိပါကြောင်း၊ ဝယ်ယူလိုသည့် အသေးစိတ် အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါကြောင်း သတင်းရရှိပါသည်။

Quality: Premium
Variety: Cavendish green
Length: 8 inch minimum.
Breadth: 35mm to 45mm.
Grade: AAA
Packing: Corrugated Boxes.
Net Weight: 18 kg
Gross Weight: 19.5Kg.
Shipping port: Port of Rijeka Croatia
Quantity: 1080 Boxes in one 40’’ FCL (Reefer Container).
Transportation: Container Temp will be 13DEG and Goods will be on Pallets.
မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာန