မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာနသို့
Taipei Economic & Cultural Office in Myanmar မှ တရုတ်(တိုင်ပေ)၌ ကျင်းပမည့်
“Mobileheroes2020: Connectivity Innovation Awards”တွင် မြန်မာနိုင်ငံမှ ပါဝင်နိုင်ရေးအတွက်
ဖိတ်ကြားလာပါသည်။
ဖိတ်ကြားစာတွင် မြန်မာနိုင်ငံမှ နည်းပညာကုမ္ပဏီများနှင့် စွန့်ဦးတီထွင်သူများအနေဖြင့် Information and Communications Research Labs, Industrial Technology Research Institute(ITRI)၏ Website https:// www.mobilehero.com/သို့ Online Registration ပုံစံဖြင့် လျှောက်ထားနိုင်ကြောင်း၊ လျှောက်ထားမှုကို ၂၂.၅.၂၀၂၀ နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ကြောင်း၊ လျှောက်ထားသူများ အနေဖြင့် လူပုဂ္ဂိုလ်တစ်ဦးချင်းဖြစ်စေ၊ လူ(၅)ဦးထက် မပိုသောကုမ္ပဏီ(သို့မဟုတ်) အစုအဖွဲ့အလိုက်ဖြစ်စေ ဝင်ရောက်လျှောက်ထားနိုင်ကြောင်းဆုရရှိသူများကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ဆုချီးမြှင့်သွားမည် ဖြစ်ပြီး၊ Golden Medal Award အတွက် (USD 30,000)နှင့် Merit Awards (USD 15,000)ချီးမြှင့် သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

“Mobileheroes2020: Connectivity Innovation Awards”တွင် မြန်မာနိုင်ငံမှ လူပုဂ္ဂိုလ်တစ်ဦးချင်း ဖြစ်စေ၊
လူ(၅)ဦးထက် မပိုသောကုမ္ပဏီ(သို့မဟုတ်) အစုအဖွဲ့အလိုက်ဖြစ်စေ ဝင်ရောက်လျှောက်ထား နိုင်ကြောင်းနှင့် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှု ဗဟိုဌာန ဖုန်း-၀၁-၃၈၅၃၂၃သို့ ရုံးချိန်အတွင်းဆက်သွယ် စုံစမ်းနိုင်ကြောင်း သတင်းရရှိပါသည်။
မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာန