23.7.20



       COVID-19 ကမ္ဘာ့ကပ်ရောဂါသည် ကမ္ဘာ့စီးပွားရေးကို ထိခိုက်စေခဲ့သဖြင့် ကမ္ဘာ့ကုန်သွယ်မှုသည် ၂၀၂၀ပြည့်နှစ် ပထမနှစ်ဝက်တွင် သိသိသာသာ ကျဆင်းခဲ့ပါသည်။ ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့၏ စာရင်း အချက်အလက်များအရ ကုန်စည် ကုန်သွယ်မှုပမာဏသည် ၂၀၂၀ပြည့်နှစ် ပထမသုံးပတ်တွင် ယခင်နှစ် ကာလတူ နှိုင်းယှဉ်ပါက ၁၈.၅ ရာခိုင်နှုန်းဝန်းကျင် ကျဆင်းမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။

    ကမ္ဘာ့ကပ်ရောဂါပြင်းထန်မှုကြောင့် ခန့်မှန်းရခက်ခဲ့သည့် စီးပွားရေး အပေါ်သက်ရောက်မှုများ ရှိခဲ့သည့်အတွက် ဖြစ်နိုင်ခြေရှိသော Optimistic Scenario နှင့် Pessimistic Scenario အရ လမ်းစဉ် ၂ ခုကို ဖော်ပြထားပါသည်။ Optimistic Scenario အရ ကမ္ဘာ့ကုန်သွယ်မှု ပမာဏသည် ၁၃ရာခိုင်နှုန်း ကျဆင်းမည်ဖြစ်ပြီး Pessimistic Scenario အရကမ္ဘာ့ကုန်သွယ်မှု ပမာဏသည် ၃၂ ရာခိုင်နှုန်း ကျဆင်းမည်ဖြစ်ပါသည်။ ယခုနှစ်၏ကျန်ရှိနေသော ကောင်းမွန်သည့် ခန့်မှန်းခြေ (Optimistic Scenario) သို့ရောက်ရှိရန်အတွက် (တတိယသုံးပတ်နှင့်စတုတ္တသုံးပတ်) သုံးလပတ်စီတိုင်းတွင် ကုန်သွယ်မှု ၂.၅ ရာခိုင်နှုန်း တိုးတက်ရန် လိုအပ်မည်ဖြစ်သည်။

         ၂၀၂၀ပြည့်နှစ်၊ဒုတိယသုံးပတ်တွင် ကုန်သွယ်မှုသည် အဆိုးဆုံးအနေအထား တွင်ရှိနေသော်လည်း ပြန်လည်မြှင့်တက်လာသည့် အနေအထားတွင်ရှိနေ ပါကြောင်း၊ ကမ္ဘာ့စီးပွားဖြစ် ကုန်စည်တင် လေယာဉ်များသည် ဇန်နဝါရီလ ၅ ရက်နေ့မှ ဧပြီလ ၁၈ ရက်တွင် ၇၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဇွန်လလယ်အထိ ၅၈ ရာခိုင်နှုန်း မြှင့်တက်ခဲ့ပါသည်။ ကွန်တင်နာဆိပ်ကမ်းများတွက်လည်း မေလနှင့် နှိုင်းယှဉ်လျှင် ဇွန်လတွင်ပြန်လည် နလန်ထူလာမည်ဖြစ်သည်။

          မော်တော်ကားရောင်းဝယ်မှုတွင်လည်း အစောပိုင်းကာလများတွင်သိသိ သာသာ ကျဆင်းခဲ့ပြီး မေလတွင်ပြန်လည်မြင့်တက် လာခဲ့သည်ကိုလည်း တွေ့ရှိရ ပါသည်။ ဉပမာအားဖြင့် တရုတ်နိုင်ငံတွင် လည်း ကားရောင်းဝယ်မှုသည် ဖေဖော်ဝါရီလတွင် ၇၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ယခင်နှစ်ကာလတူဖြင့် နှိုင်းယှဉ် ပါကမေလတွင် ၅ ရာခိုင်နှုန်း မြှင့်တက်လာသည်။

          ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် OECD အဖွဲ့အစည်း တို့မှထုတ်ပြန်ခဲ့သောခန့်မှန်းချက်အရ GDP နှင့် ကမ္ဘာ့ကုန်သွယ်မှုများသည် ကျဆင်းမည်ဟု ဖော်ပြထားပါကြောင်း၊ ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်အရ Global GDP သည် ၂၀၂၀ ပြည့်နှစ်တွင် ၅.၂ ရာခိုင်နှုန်း ကျဆင်းမည်ဟု ခန့်မှန်းထားပြီး နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၏ ခန့်မှန်း ချက်အရ Global GDP သည် ၃.၀ ရာခိုင်နှုန်း ကျဆင်းမည်ဟု ခန့်မှန်း ထားသည်။

          COVID-19 ကပ်ရောဂါဖြစ်ပွားနေသည့် ကာလအတွင်းတွင် ဘဏ္ဏာရေးနှင့် ငွေကြေးဆိုင်ရာ မှုဝါဒများကို ပိုမိုလျင်မြန်စွာ ထုတ်ပြန်နိုင်ခဲ့ခြင်း၊ အိမ်ထောင်စုများအတွက် ထောက်ပံ့ခြင်းနှင့် ရောဂါ ဖြစ်ပွားပျံ့နှံ့မှုလျော့ပါး လိမ့်မည်ဟူသော ခန့်မှန်းချက်များကြောင့် စားသုံးသူများ၏သုံးစွဲမှုမြင့်မားသည့် အခြေအနေတွင်ရှိနေခြင်း၊ ထုတ်လုပ်မှုကျဆင်းခြင်းသည် ကုန်သွယ်မှုမဟုတ်သော ဝန်ဆောင်မှုများ ဖြစ်သည့် (hospitality, personal services and entertainment )  တွင်သာ ဖြစ်ပေါ်နေခြင်း အချက် များကြောင့် GDP တိုးတက်မှုနှုန်းသည် ၂၀၂၀ ပြည့်နှစ်တွင် ကုန်သွယ်မှု၏ သက်ရောက်မှုနည်းပါး စေကြောင်း၊ ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ၊ ပထမနှစ်ဝက်အတွက် ကမ္ဘာ့ကုန်သွယ်မှု ဆိုင်ရာ ခန့်မှန်းချက်များထုန်ပြန်ချက်တွင် သိသိသာသာကျဆင်းခဲ့ပြီး လက်ကျန်ကာလ များတွင် ပြန်လည်မြင့်တက်လာမည့် အနေအထားတွင် ရှိနေပါကြောင်း၊ ၂၀၂၀ပြည့်နှစ်တွင် ကမ္ဘာ့ကုန်သွယ်မှု မှာ ခန့်မှန်းထားသလောက် ဆိုးရွားသည့် အနေထားတွင် မရှိနိုင်ပါကြောင်း သတင်းရရှိ ပါသည်။

Source : ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ၂၀၂၀ ပြည့်နှစ်အတွက် ကမ္ဘာ့ကုန်သွယ်မှုဆိုင်ရာ ခန့်မှန်းချက်များ


                                                                                      ထိန်လင်း (MITC)

    

 

 

                                                                                                   

MB Application

https://mitcygn.blogspot.com/p/blog-page.html
https://mitcygn.blogspot.com/p/blog-page.html

TradeFair Register

Myanmar International Trade Center
https://mitcygn.blogspot.com/p/trade-fair.html

CA-EXPO Forms

Exhibitors Form>>>
https://drive.google.com/file/d/1wUPQSU4iTEYyv2k_sZ9Bt3OciJ7w6NbX/
......................။...................... Visitors Form>>>
https://drive.google.com/file/d/1TqKU9JxJ8_2xKIfk5QRfM-mjKJ-HgSDQ/

Visa Extension (Online)

https://mitcygn.blogspot.com/p/blog-page_16.html

Proposal Form for Participants

https://doc-0c-3g-docs.googleusercontent.com/docs/securesc/vvkf3i9sfpveaeqd4kkaldcsc6ijog5n/pmmn9ikjq0r7d7ijln7vva8ugi1v0iju/1576720800000/13060406534807868405/13060406534807868405/1coDrjirdIpgkvfoeBkxCputCiTesmGSf?e=download&authuser=0&nonce=f16g5tlard700&user=13060406534807868405&hash=50rsq8953b09503tbn933983gc7cusqo
www.mitcygn.blogspot.com/

Change Language

Notice Board

Recent Post

       တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၊ အပင်နှင့် တိရစ္ဆာန်ရောဂါ ထိန်းချုပ်ရေးဌာန (Department of Ani...

Advertisement

Advertisement
theme_color="0084ff">