15.7.20

        ကမ္ဘာ့နိုင်ငံများသည် COVID-19 ၏ကပ်ရောဂါကြောင့် မိမိတို့အသက်ရှင် ရပ်တည်ရေးအတွက် နည်းလမ်းရှာဖွေရင်း ကာကွယ်ထိန်းချုပ်မှုကိုလည်း တဖက်က ပြုလုပ်နေကြရသည်။  COVID-19 သည် ကမ္ဘာ့စီးပွားရေးကို များစွာထိခိုက် စေခဲ့သလို မြန်မာနိုင်ငံသည်လည်း ကမ္ဘာ့အသိုက်အဝန်းဝင် နိုင်ငံများနည်း တူကပ်ရောဂါရဲ့ သက်ရောက်မှုတွေကို ရင်ဆိုင်ခဲ့ရပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံများသည် COVID-19 ကို ရင်ဆိုင်ရင်း ၎င်းတို့၏ စီးပွားရေးလုပ်ငန်းတွေကို (New Normal) ပုံစံသစ်၊ စနစ်သစ်ဖြင့် ကျော်လွှားနေကြသည်။

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့သည် COVID-19 မဖြစ်မီက ကုန်သွယ်မှု မြှင့်တင်ရေး လုပ်ငန်းတွင်အရေးပါသည့် ကုန်စည်ပြပွဲများကို အပြည်ပြည်ဆိုင်ရာ အစိုးရ/ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် ပူးပေါင်း၍လည်းကောင်း၊ ပြည်တွင်းကုန်စည် ပြပွဲများတွင် နိုင်ငံတကာအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များကိုဖိတ်ကြား၍ လည်းကောင်း၊ Business Matching များ၊ ဆွေးနွေးပွဲများကျင်းပခြင်းဖြင့် လည်းကောင်း ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

          COVID-19 ကြောင့် စီးပွားရေးပုံစံပြောင်းလဲမှုများထဲမှာ ကုန်စည်ပြပွဲ၊ ဆွေးနွေးပွဲများကိုလည်း ပုံစံပြောင်းလဲ ကျင်းပပြုလုပ်ရန် ကမ္ဘာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့များက နားလည်လာခဲ့ကြပါသည်။ ထို့ကြောင့်လည်း ၎င်းတို့၏ Expo များ ၊ ဖိုရမ်များကို Online မှ ပြုလုပ်နိုင်ရေးအတွက် Digital Platform ကို အသုံးပြုလာခဲ့ကြသည်။ ထိုင်းနိုင်ငံ Department of International Trade Promotion (DITP)၊ တရုတ်နိုင်ငံ China Foreign Trade Center တို့သည်လည်း နှစ်စဉ်ကျင်းပနေကျ ကုန်စည်ပြပွဲများကို Online မှ ပြောင်းလဲကျင်းပလျက် ရှိကြောင်း တွေ့ရှိရပါသည်။

     မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အနေဖြင့်လည်း COVID-19 ကာလကြောင့် Physical Exhibition များ မလုပ်နိုင်မီ မိမိတို့ကုန်စည်များကို အပြည်ပြည်ဆိုင်ရာ ဈေးကွက်အတွင်းသို့ ချိတ်ဆက်ပေးနိုင်မည့် Myanmar Online Expo Park ကို Cyber King Co.,Ltd ၏နည်းပညာ ပံ့ပိုးကူညီမှုနှင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

         Myanmar Online Expo Park သည် မြန်မာကုန်သွယ်မှုမြှင်းတင်ရေးအဖွဲမှ တည်ထောင် ထားသော မြန်မာနိုင်ငံ၏ ပထမဆုံး Online Exhibition Platform အဖြစ်ပေါ်ထွက်လာမည်ဖြစ်သလို နိုင်ငံတကာမျက်နှာစာသို့ MOEP Platform မှတဆင့် မြန်မာ့ထွက်ကုန်များကို မိတ်ဆက် ပေးနိုင်တော့မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

                                                             မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာန(MITC)

MB Application

https://mitcygn.blogspot.com/p/blog-page.html
https://mitcygn.blogspot.com/p/blog-page.html

TradeFair Register

Myanmar International Trade Center
https://mitcygn.blogspot.com/p/trade-fair.html

CA-EXPO Forms

Exhibitors Form>>>
https://drive.google.com/file/d/1wUPQSU4iTEYyv2k_sZ9Bt3OciJ7w6NbX/
......................။...................... Visitors Form>>>
https://drive.google.com/file/d/1TqKU9JxJ8_2xKIfk5QRfM-mjKJ-HgSDQ/

Visa Extension (Online)

https://mitcygn.blogspot.com/p/blog-page_16.html

Proposal Form for Participants

https://doc-0c-3g-docs.googleusercontent.com/docs/securesc/vvkf3i9sfpveaeqd4kkaldcsc6ijog5n/pmmn9ikjq0r7d7ijln7vva8ugi1v0iju/1576720800000/13060406534807868405/13060406534807868405/1coDrjirdIpgkvfoeBkxCputCiTesmGSf?e=download&authuser=0&nonce=f16g5tlard700&user=13060406534807868405&hash=50rsq8953b09503tbn933983gc7cusqo
www.mitcygn.blogspot.com/

Change Language

Notice Board

Recent Post

       တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၊ အပင်နှင့် တိရစ္ဆာန်ရောဂါ ထိန်းချုပ်ရေးဌာန (Department of Ani...

Advertisement

Advertisement
theme_color="0084ff">