တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၊ အပင်နှင့် တိရစ္ဆာန်ရောဂါ ထိန်းချုပ်ရေးဌာန (Department of Animal and Plant Quarantine of the General Administration of Customs of China-GACC) ၏သဘောတူညီချက်ဖြင့် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စားသုံးနိုင်သည့်ရေထွက်သတ္တဝါများ (Edible Aquatic Animals) တင်ပို့ရာတွင် ကျန်းမာရေးသက်သေခံ လက်မှတ် (Health Certificate)ကို မြန်မာနိုင်ငံ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အနေဖြင့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှ စတင်၍ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် GACC မှသတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများဖြစ်သည့် စစ်ဆေးခြင်း၊ စောင့်ကြည့်ခြင်း၊ ကျန်းမာရေး သက်သေခံ လက်မှတ် ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် မိမိတို့၏ ရေထွက်ကုန်ပစ္စည်းများ တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် ကျန်းမာရေး သက်သေခံ လက်မှတ်အား သက်ဆိုင်ရာဝန်ကြီးဌာနတွင် ထုတ်ယူနိုင်ရေး ချိတ်ဆက်ဆောင်ရွက် နိုင်ကြောင်း သတင်းရရှိပါသည်။
သတင်းအရင်းအမြစ်။ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ပေကျင်းမြို့
ဥမ္မာကြူ(MITC)